Friday, March 26, 2010
BURMA: To Contest or Not? Suu Kyi’s Party Faces Tough Elections Test
By Analysis - Marwaan Macan-Markar
BANGKOK, Mar 26 , 2010 (IPS) - Is pro-democracy icon Aung San Suu Kyi condemning the opposition party that she heads in military-ruled Burma to political irrelevance or, worse still, a burial ahead of forthcoming elections?
That is the question gnawing at the National League for Democracy (NLD), whose 20-member central executive committee and 110-member central committee are set to decide on Mar. 29 if the party will contest this year’s poll.
The tough decision for the party to make follows Suu Kyi’s unequivocal statement asking her party to boycott Burma’s first general election in two decades.
Suu Kyi, who has been shut away for over 14 of the past 20 years, conveyed her views on Mar. 23 to her party leadership through Nyan Win, her lawyer. "She will never accept registration (of the NLD as party contesting the poll) under unjust laws," Nyan Win said, following a visit to Suu Kyi’s lakeside colonial home in Rangoon, the former capital, where the Nobel Peace laureate is under house arrest.
"But her personal opinion is not to give orders or instructions to the NLD," the lawyer was quoted as saying. "She has asked the NLD to decide democratically."
Suu Kyi’s comments come in the wake of five election laws that the junta released in recent weeks, confirming that it was on course to meet its promised 2010 general election to create a "discipline flourishing democracy."
Yet while these laws also appear to be designed to exclude the likes of Suu Kyi, the NLD and other political figures from the electoral process, rather than pushing a free and fair election that the international community has demanded.
The NLD, which is among the 10 existing political parties, was asked to re- register in order to contest the poll, the date of which has yet to be announced.
But registration under the new election laws means accepting the junta’s invalidation of the results of the 1990 general poll, which the NLD won with a thumping majority but the military-regime refused to recognise and officially abrogated this month.
Through the new party registration law, the junta in Burma, or Myanmar, as it is also called, has forced the NLD to choose between keeping Suu Kyi in its fold or ensuring its own survival as a party.
After all, the law requires parties to ditch members who were convicted of crimes from contesting the poll – and Suu Kyi was convicted of violating the terms of her house arrest when U.S. national U.S. national John William Yeattaw swam to her home last year.
The excessive powers of the new elections commission, whose decisions cannot be challenged till the next poll, and the tough criteria for candidates to be eligible and to register have also led critics to call the new election laws unjust.
Little wonder why there is disquiet within the NLD ranks in the wake of the remarks of their iconic leader. "It is a very difficult time for NLD members," admits Thein Oo, a party member elected to the 1990 parliament who now lives in exile. "Do we register or not? She is our leader and we cannot separate her from the party."
"We are not surprised by her views," he said during a telephone interview from Mae Sot, a Thai town close to the Burma border. "Everybody knows that this election will not be free and fair, and if the NLD does not contest, the poll will not be credible."
Analysts call this the worst crisis the NLD has faced in its 20-year existence.
If the NLD does not register within a 60-day deadline that ends on May 7, it will be declared a non-existent political entity – at least on paper. Subsequent use of the NLD banner could result in arrests and long prison terms for its party activists.
Since its creation to contest the 1990 poll, the NLD has survived many repressive measures by the junta, including the detention of more than 400 party parliamentarians and activists. The party offices across the country were shut for over a decade, except for the NLD’s Rangoon headquarters.
"My concern is that if the NLD opts out of the elections, it will be abolished as a party," says Aung Naing Oo, a Burmese political analyst living in Thailand. "It will help the military government, which wants to keep the NLD and Aung San Suu Kyi out of contention."
If the party’s officials vote to follow their leader, it will confirm the position the NLD has always taken – "to make policies based on human rights and justice and always take the moral high ground," he told IPS. "But that will open the NLD to questions if it has concrete policies and a political strategy to come into power."
Analysts say that the fact that Suu Kyi and the party she founded have been "one and the same’ from the start is the NLD’s Achilles heel. "It is quite sad to say they have been deficient in terms of policy formulation on economics, health, foreign policy, and why they deserve to be elected," says David Scott Mathieson, the Burma researcher for Human Rights Watch, the New York- based global rights lobby. "That’s the brass tacks of a political party."
"Sitting out an election such as the one in Burma is not going to change the outcome," Mathieson adds in an interview. "The expectation of a political party, besides governing, is to contest elections." (END)
Thousands of soldiers have taken part in Burma's annual Armed Forces Day parade in the capital Nay Pyi Taw.
Military ruler General Than Shwe inspected the troops and gave an address to the crowds at this rare public appearance.
However, critics say the military is aiming to keep power even after the elections.
No date for the poll has yet been set.
Future role
Armed Forces Day offers a rare public appearance for Burma's leaders |
"They will talk about ideology, policy and the steps they've taken towards democracy," said Aung Naing Oo, a Burmese academic based in Thailand, ahead of the speech.
"More symbolic is their attempt to show everyone at home and abroad that the military will not, and must not, be discounted."
Burma recently revealed new laws under which the multi-party elections will take place.
Many key opposition figures - including detained leader Aung San Suu Kyi - are not allowed to take part.
Members of religious orders are also banned from taking part, a rule which covers the monks who led anti-government protests two years ago.
နိုင်ငံရေး ကျွန်တော့အမြင်
အခုတလော အကွဲအပြဲ သတင်းတွေ အတှောကြားရတယ်။ ဂားဒီးယန်း ဦးစိန်ဝင်းရဲ့ အကွဲအပြဲ
ဇာတ်လမ်း စာအုပ်လေးကို သွားသွား သတိရမိတယ်။ တကယ်က သိပ်ပြီး ထူးဆန်းတာတော့
မဟုတ်ပာဘူး။ မြန်မာတွေက ဟိုးရှေးကတည်းက ၂ယောက်ရှိရင် သုံးဖွဲ့လုပ်ချင်တဲ့
အမျိုး။ Team Work လုပ်ရကိုင်ရ ခက်တဲ့အမျိုး။ တစ်ယောက်နဲ့ တစ်ယောက်
မယုံကြည်ကြတဲ့ အမျိုး။ လူစွမ်းကောင်းဝာဒကို ကိုးကွယ်ချင်ကြတဲ့ အမျိုးတွေ
ဆိုတော့။
အမေရိကန်မှာ သမဿမတ ရွေးတော့ ဒီမိုကရက်တစ် ပာတီက အိုဘားမားနဲ့ ကလင်တန်ရဲ့မိန်းမ
ဟီလာရီတို့ အပြိုင် ဖြစ်ခဲ့ကြတယ်။ ပြည်နယ်တစ်ခုစီက မဲရလဒ်တွေဆိုတာ သဲတထိတ်ထိတ်
ရင်တဖိုဖို စောင့်ကြည့်ခဲ့ရတာ။ တခြား ပြိုင်ဘက်တွေဆိုတာ မဲအပြတ်အသတ်နဲ့
ရှုံးနေပြီ။ သေချာတာက သူတို့ နှစ်ယောက်ထဲက တစ်ယောက်တော့ သမဿမတ ဖြစ်တော့မယ်။
ပြသဿသနာက နှစ်ယောက်စလုံးက ဒီမိုကရက်တစ်ပာတီက ဖြစ်နေတာပာ။ နောက်ဆုံး ပာတီရဲ့
စည်းလုံးညီညွတ်မှု အရေးကို ထိခိုက်လာတာမို့ ဟီလာရီက အရင် နောက်ဆုတ်
ပေးလိုက်တယ်။ ပြောရရင် သူလည်း သမဿမတအဖြစ် လူကြိုက်များခဲ့တာပဲ။ လက်တလော
မဲရလဒ်တွေ အသာထား သူဆက်ပြီး လူထုကို စည်းရုံးမယ်ဆိုရင် အိုးဘားမား နောက်ဆုံး
နိုင်ရင်တောင် ရင်တမမနဲ့ နိုင်ရမယ့် အခြေအနေ။ ဒာပေမယ့် တစ်ပာတီထဲ ဖြစ်တဲ့အတွက်
သူ့ထက် သာမယ်လို့ ထင်ရတဲ့ လူကြိုက်ပိုများတဲ့ အိုးဘားမားကို ဦးစားပေးခဲ့တယ်လို့
ထင်မိတယ်။ သူ သမဿမတ မလုပ်ရဘူး ဘာဖြစ်လဲ။ သူ့အရည်အချင်းကို သိတဲ့ အိုးဘားမားက
သူ့ကို နိုင်ငံခြားရေးဝန်ကြီး ဆွဲခန့်လိုက်တယ်။ သူကျတဲ့ နေရာမှာ ဒီမိုကရက်တစ်
ပာတီအတွက်၊ တိုင်းပြည်အတွက် ဆက်လုပ်ခဲ့တယ်။ နောင်တချိန် ဟီလာရီဟာ သမဿမတ
ဖြစ်ချင်တောင် ဖြစ်လာနိုင်သေးတာပဲ။
မန်ချက်စတာ ယူနိုက်တက်က ဒေးဗစ်ဘက်ဟမ်းတို့ စီရှောနယ်ဒိုတို့ကို
ထုတ်ရောင်းလိုက်တုန်းက အားလုံးက မန်ယူကို ဒုကဿခ အရောက်ကြီး ရောက်ပြီလို့
ထင်ခဲ့ကြတယ်။ ဒာပေမယ့် မန်ယူမှာ နောင်နှစ်ပောင်း များစွာအတွက် ဆွဲထားတဲ့ Plan
တွေ ရှိတယ်။ ဦးဆောင်မှုကောင်းတဲ့ မန်နေဂျာရှိတယ်။ မန်ယူဘာမှ မဖြစ်သွားပာဘူး။
လစ်ဗာပူးလ်မှာ အိုဝင် ရှိနေချိန်က စတီဖင်ဂျရတ်ဆိုတာ တိမ်မြုပ်နေခဲ့တာ၊ မန်ယူမှာ
စီရှောနယ်ဒို ရှိနေတုန်းက ရွန်းနီဆိုတာလည်း သာမန်သာသာ ဖြစ်ခဲ့တာပဲ။ သူတို့လည်း
မရှိတော့ရော စတီဖင်ဂျရတ်၊ ရွန်းနီ တို့ ဟုန်းခနဲ နာမည်ထွက်လာတော့တာပဲ။
သူတို့နေရာကို ယူနိုင်ခဲ့တာပဲ။ အဓိက ပြောချင်တာက ငာမရှိရင် မဖြစ်ပာဘူး ဆိုတဲ့
အတွေးအမြင်တွေ ရှိသူတွေကို ကျွန်တှော မယုံချင်တာပာ။
ကျွန်တှော နိုင်ငံရေး မကျွမ်းကျင်ပာဘူး။ သာမန် ပြည်သား တစ်ယောက်ပာပဲ။ ဒာပေမယ့်
ကျွန်တှော့ရဲ့ လူပြိန်း အမြင်မှာတော့ မြန်မာ နိုင်ငံရေးဟာ ဟိုးပဝေသဏီ ဘုရင်ခေတ်
ကတည်းက Plan ကောင်းကောင်း မရှိခဲ့ဘူးလို့ ထင်ပာတယ်။ ဘုရင်တွေ မိန်းမတွေ
ထည်လဲယူ၊ ကလေးတွေမွေး။ သေခာနီးနေပြီ ဘယ်သူ့ကို ထီးနန်းပေးမလဲ မရွေးခဲ့ကြတာ
များတယ်။ (တချို့လည်း ရွေးပာတယ်။ အလောင်းဘုရားလိုပော့။ သူ့ရဲ့သားတွေ အစဉ်အဆက်
ထီးနန်း ဆက်ခံဖို့ မှာထားခဲ့တာပဲ ဒာပေမယ့် အားလုံးကမှ နားမထောင်တာ) အဂဿငလိပ်က
မြန်မာပြည် အောက်ပိုင်းကို သိမ်းပိုက်ထားပြီ။ အထက်ကို ဆက်ပြီး
သိမ်းပိုက်နိုင်တယ် ဆိုတာကို မင်းတုန်းမင်း အနေနဲ့ ကြိုတင် မကာကွယ်ဘဲ
ဘုရားလောင်းလိုလို သာသနာပြုမင်းလိုလို မဆိုင်တာတွေ လျှောက်လုပ်နေတယ်။
ကနောင်မင်း လက်နက်တွေ တီထွင်တာကို တားမြစ်တယ်။ ဘာလဲ ခောင်းဆောင်။ အဂဿငလိပ်
အသိမ်းခံရတာ မထူးဆန်းပာဘူး။ ဟိုးအဝေးကြီးက ကျွန်းလေးကနေ တကူးတကလာပြီး
အိနဿဒိယနဲ့ မြန်မာကို သိမ်းပိုက် လိုက်တာများ မြွေမျိုသလို တရစ်ပြီးတစ်ရစ်
နှစ်ကာလ အများကြီး အစီအစဉ်ချ ဆောင်ရွက်ခဲ့တာ။ အဲဒီသိမ်းပိုက်ထားတဲ့ အဂဿငလိပ်ကို
တှောလှန်တော့ရော တစ်ယောက် တစ်နယ် တစ်မျိုးစီ နေရာမျိုးစုံကနေ အကွဲကွဲ အပြားပြား
တှောလှန်နေကြတာ။ ခောင်းဆောင် ဖြစ်ပြီးတဲ့သူက သူများဆီသွားပောင်းရင်
ခောင်းဆောင်ဘဝက လျောကျသွားမှာ စိုးရိမ်လို့လားတော့ မသိဘူး။ မပောင်းကြဘူး။
Civilization ဆိုတဲ့ ဂိမ်းကို ဆော့ဖူးရင် သိပာလိမ့်မယ်။ အင်အားကြီး
မြို့တစ်မြို့ကို သိမ်းပိုက်ဖို့ဆိုတာ တှောတှောခက်တယ်။ အင်အားနည်း အစုလေးတွေကို
ဖြိုခွဲရတာက အချိန်တော့ ယူရတယ် ဒာပေမယ့် လွယ်တယ်။
ဒီတော့ လူတွေသာ သေသွားတယ် အဂဿငလိပ်က အပြုံးမပျက်ပာဘူး။ ဆရာစံကို သတ်လိုက်တယ်
လယ်သမားတွေ ငြိမ်သွားတယ်။ ဖိုးလှကြီးကို ဖမ်းလိုက်တယ် ရေနံမြေ အလုပ်သမားတွေ
ငြိမ်သွားတယ်။ ဘယ်မှာလဲ ခောင်းဆောင် (၂) (၃) (၄) (၅) ဘယ်မှာလဲ Plan (B) (C) (D)
(E)။ နံပာတ်(၁) ခောင်းဆောင်ကို ဖမ်းလိုက်ရင် ဘယ်သူက ဆက်ခောင်းဆောင်မယ်၊
နံပာတ်(၁) အစီအစဉ် ပျက်သွားရင် ဘယ်လို အစီအစဉ် ဆက်သွားမယ် ဆိုတဲ့ အရာတွေကို
မတွေ့ရဘူး။ ဒီလိုဆိုရင် ခင်ဗျားတို့က ထောက်ပာလိမ့်မယ် တစ်ဗိုလ်ကျ တစ်ဗိုလ်တက်
စနစ် ရှိတယ်လို့။ မှန်တယ်။ တစ်ဗိုလ်ကျတော့မှ ကျန်တဲ့လူကို ဗိုလ်ကောက်တင်
တက်ကြတာမျိုး လက်ပူတိုက် ဇာတ်လမ်းတွေ မဟုတ်ဘူးလားလို့ ပြန်မေးချင်တယ်။
လွတ်လပ်ရေး ခေတ်ကျတော့ရော သေချာ စနစ်တကျ ဖွဲ့စည်းခဲ့တယ်ဆိုတဲ့ ကွန်မြူနစ်ပာတီဟာ
သခင်သန်းထွန်း၊ သခင်စိုးလည်း မရှိရော အားနည်းသွားတော့တာပဲ။ ဒီနေရာမှာ သူတို့
ကိုယ်တိုင်က အပြတ်ရှင်းခဲ့လို့ အရည်အသွေးရှိတဲ့ ပာတီဝင်တွေ ပြတ်ကုန်တာကိုလည်း
ထည့်တွက်ရမယ် ထင်ပာတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြန်မာတစ်နိုင်ငံလုံးကို
စည်းရုံးနိုင်ခဲ့တယ်။ နိုင်ငံလွတ်လပ်ရေးရဖို့ အပြင်းအထန် ကြိုးစားနေတဲ့အချိန်
လုပ်ကြံခံရတယ်။ သူနဲ့အတူ အရည်အချင်းရှိတဲ့ ခောင်းဆောင်တွေ အများအပြား
ပာသွားတယ်။ ဦးနု တက်လာတယ်။ ဒီနေရာမှာလည်း ဗိုလ်ချုပ်မရှိရင် ဘယ်သူက သူ့နေရာကို
ဆက်ခံပြီး ဦးဆောင်ဦးရွက် ပြုမယ်ဆိုတာ ကြိုတင် စီမံချက် ချခဲ့တာမျိုး
မတွေ့ရပာဘူး။ သူလဲ သေသွားရော စိုင်ကှောလို့ ခြုံပှောရောက်ပြီး
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးနု လက်ထက်မှာ တိုင်းပြည်ဟာ ဖရိုဖရဲ စဖြစ်တော့တာပာပဲ။
နှစ်ခြမ်းကွဲတဲ့ ကိစဿစတွေကတော့ အထူးပြောစရာကို မရှိပာဘူး။ မြန်မာလို့
ဆိုလိုက်တာနဲ့ နှစ်ခြမ်းကွဲတတ်တာက အရိပ်လို လိုက်လာတယ်လို့ ဆိုရမလိုကို
ဖြစ်နေပာတယ်။ ဘာလို့ ကွဲကြတာလဲ ဆိုတာကို သေချာ စမ်းစစ်ကြည့်တော့ စေ့စပ်ဆွေးနွေး
ညှိနှိုင်းမှု မပြုလုပ်နိုင်တာ အဓိက ဆိုတာကို သွားတွေ့မိပာတယ်။ ဟိုးတုန်းက
လက်ခံခဲ့ကြတဲ့ Yes မဟုတ်ရင် No ပဲ ဆိုတဲ့ ဝာဒကြီးက ယနေ့ထိ ကြီးစိုးနေဆဲ
ဖြစ်တာကိုလည်း သတိပြုမိပာတယ်။ အရာတိုင်းမှာ အမြင်မတူနိုင်မှု ဆိုတာ
ရှိကြမှာပာပဲ။ လူများလေလေ အမြင်ကွဲလေလေပာပဲ။ အမြင်ကွဲတဲ့အတွက် ငြင်းကြခုံကြတာ
မထူးဆန်းတဲ့ ကိစဿစပာ။ အဂဿငလန္မွာ ပာလီမန္ထဲ အကြောင်းကိစဿစ တစ်ခုခု
ရှိလာပြီဆိုရင် Debate တွေ လုပ်ကြတယ်။ ဒီလို လုပ်တတ်လာအောင်လည်း
ကျောင်းသားဘဝထဲက ကလေးတွေကို သင်ကြားပေးထားတယ်။ အယူအဆ မတူတာကို
ကိုယ်မှန်တယ်ထင်ရာ ငြင်းကြတာ ပြသဿသနာ မဟုတ်ပာဘူး။ အဓိက အချက်က ငြင်းပြီးတဲ့အခာ
အကောင်းဆုံး ရလဒ်ကို ရွေးထုတ်ကြရတာပာ။ အဲဒာကတော့ ကျွန်တှော အခုနက ပြောခဲ့တဲ့
စေ့စပ်ဆွေးနွေး ညှိနှိုင်းမှု ပြုလုပ်ကြခြင်းပာပဲ။ ကိုယ်နဲ့ အယူအဆ မတူလို့
ရှောင်ဖယ်သွားခြင်း၊ မုန်းတီးသွားခြင်း စတာတွေဟာ စိတ်ဓာတ် အားနည်းမှုရဲ့
လကဿခဏာတွေ ဖြစ်လာပာပြီ။ အကောင်းဆုံး ရလဒ်ကို လိုချင်တယ် ဆိုရင် ကိုယ်ချည်းပဲ
မှန်တယ် လုပ်လို့ မရဘူးလို့ ထင်ပာတယ်။ အခြားသော အယူအဆ မတူသူများရဲ့
အမြင်ကိုလည်း ထည့်သွင်း စဉ်းစားရပာလိမ့်မယ်။ ကိုယ်ကလျော့သင့်တဲ့ အချက်တွေ
လျော့၊ သူများတွေ အလွန်အကျွံ ဖြစ်နေရင်လည်း လျော့ခိုင်း။ ဒီလို ညှိယူနိုင်မှ
အကောင်းဆုံး ရလဒ်ကို ရနိုင်မှာပာ။ ကျွန်တှောတို့ဆီမှာ အများဆုံး တွေ့ရတာက
ငာနဲ့မတူ ငာ့ရန်သူ လုပ်ကြတာပာ။ ဆိုတော့ကာ အမြင်မတူစရာ ကိစဿစတစ်ခု
ကြုံလိုက်တာနဲ့ ကျွန်တှောတို့ လူများ ကွဲကြပြဲကြပြီ။ တစ်ယောက်နဲ့ တစ်ယောက်
ပြစ်ပြစ်နှစ်နှစ်တွေ ပြောပြီး အပုပ်ချကြပြီ။ ပြသဿသနာရဲ့ အဖြေဟာ ရှင်းမသွားဘဲ
အုပ်စုကွဲသွားပြီး အင်အား နည်းသွားရော။ ဆိုတော့ကာ ကျွန်တှောတို့ လူမျိုးဟာ
သိပ်ကို ဖြိုခွဲဖို့ လွယ်ကူတဲ့ လူမျိုးတစ်မျိုး ဖြစ်နေပာပြီ။ ဘယ်နေရာမှာမဆို
အမြင်ချင်းဖလှယ်ပြီး အကောင်းဆုံး ရလဒ်ကို ရအောင် ညှိနှိုင်း တိုင်ပင်နိုင်ကြတဲ့
လူတွေ မရှိတော့ဘူးလား။ ဒီလိုဘဲ တသက်လုံး သွားနေကြတော့မှာလား။ ကျွန်တှော့ အမြင်
အရတော့ မြန်မာနိုင်ငံရေးမှာ ဘယ်သူကမှ ဘယ်သူ့စကားကို အဖြေတစ်ခု ရှာဖို့ သေချာ
နားထောင်တယ် ဆိုတာကို မတွေ့ရပာဘူး။ နားထောင်တယ် ဆိုရင်လည်း အပြစ်ရှာဖို့ပဲ
ဖြစ်မှာပာ။ ရန်သူဆို ဘာလုပ်လုပ် မှားတယ်လို့ ခံယူထားကြတယ်လို့ မြင်ပာတယ်။
ဟိုးတုန်းက ကိစဿစတစ်ခုကို ကျွန်တှောတို့ ဖြေရှင်းတဲ့အခာ "YES" "NO" နှစ်ခုပဲ
ရှိခဲ့တယ်။ အဲဒီနောက် "ကြားနေဝာဒ" ရှိလာတယ်။ ပြီးတော့ "ရှိတော့ ရှိနေတယ်
ဒာပေမယ့် အသေ" ဆိုသလိုမျိုး Neutral ပုံစံမျိုးတွေလည်း တွေ့လာရတယ်။ Yes or No
တစ်ခုခုဘက်ကို သွားနေပေမယ့် ဘယ်တော့မှလည်း Yes စစ်စစ်၊ No စစ်စစ် မဖြစ်လာတဲ့
အရာမျိုးတွေကိုလည်း ရူပဗေဒနဲ့ သခဿငျာ ညီမျှခြင်းတွေကနေ လက်တွေ့ လောကမှာပာ
တွေ့လာရတယ်။ Yes စစ်စစ် No စစ်စစ် တွေဟာ အစွန်းရောက်တဲ့ သဘောမျိုးကိုတောင်
ဆောင်လာပာပြီ။
အထက်က ပြောခဲ့တဲ့ ရှောနယ်ဒို မရှိလည်း မန်ယူက ဖြစ်ပာတယ် ဆိုတာမျိုးမှာ အသင်းကို
ခိုင်ခန့်အောင် အကြာကြီး ပြင်ဆင်ထားတယ် ဆိုတဲ့ အချက်ကို အဓိကလို့ မြင်မိပာတယ်။
ရှောနယ်ဒိုဟာ မန်ယူအတွက် အရေးအကြီးဆုံး လူတစ်ယောက် ဖြစ်ခဲ့တယ်။ မှန်တယ်။
သူမရှိတော့တဲ့ အချိန်မှာ ခဏတာ ယိမ်းယိုင် သွားပေမယ့် မကြာခင်ဘဲ သူရဲကောင်းအသစ်
ဝိန်းရူနီ ပှောလာပာရော။ ဝိန်းရူနီ မရှိတော့ရင်လည်း နောက်တစ်ယောက် ပှောလာမှာပဲ။
သူတို့ဟာ အသင်းအတွက် အရေးအကြီးဆုံး လူတွေ ဖြစ်တယ်။ ဒာပေမယ့် အသင်းက
အခြားအစွမ်းထက်တဲ့ သူတွေကိုလည်း ပိုင်ဆိုင်ထား ပာသေးတယ်။ သူတို့ တစ်ယောက်တည်း
ဘယ်လောက်တှောတှော ကောင်းနေနေ ဘာမှ လုပ်လို့ မရပာဘူး။ ကိုယ့်အသင်းက တခြား
လူတွေကလည်း အရေးကြီးပာတယ်။ အဲဒီအတွက် ခြေစွမ်းထက်မြက်တဲ့ အသင်းတစ်ခုကို
ကြိုကြိုတင်တင် တည်ဆောက် ထားဖို့လည်း လိုအပ်ပာတယ်။ ပြီးတော့ ကစားသမား
ပြောင်းတာနဲ့ ကစားကွက် ဘယ်လို ပြောင်းမယ်ဆိုတဲ့ Plan တွေ နည်းဗျူဟာတွေလည်း
ချမှတ်ဖို့ လိုတယ်လို့ ထင်မိတယ်။ ဒီလို ထူးခြားတဲ့ အရေးအကြီးဆုံး လူမျိုးတွေဟာ
တစ်ခေတ်တစ်ယောက် ပှောတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပာဘူး။ ဒာပေမယ့် စက်ကြီး
ဘယ်လောက် ကောင်းကောင်း နောက်က ဘီးအားလုံး ပောက်နေရင်ဖြင့် ခရီးမတွင်ပာဘူး။
ဒာကြောင့် တစ်ဦးတစ်ယောက်ကို အားကိုးတကြီး မှီတွယ်နေတာမျိုးထက် အားလုံးစုစည်း
ညီညွတ်မှု ရှိတယ်ဆိုရင် ပိုကောင်းမယ်လို့ ယုံကြည်ပာတယ်။ စက်ကြီးရော ဘီးရော
အားလုံးကောင်းရင်ဖြင့် အတိုင်းထက် အလွန်ပော့။ အဲဒီအတွက် တစ်ခုကိုပဲ
အာရုံစိုက်နေရင် တခြား အရာတွေ အများကြီးကို မျက်စိ လျှမ်းသွားတတ်တယ်
ဆိုတာလေးကိုလည်း သတိပြုရမယ်လို့ ထင်ပာတယ်။
ဘယ်အသင်း အဖွဲ့အစည်းကိုမှ မဦးတည်ပာ။ ကျွန်တှောလည်း နိုင်ငံရေး ကျွမ်းကျင်သူ
မဟုတ်ပာ။ ကွဲကြပြဲကြတဲ့ ဇာတ်လမ်းတွေကို သမိုင်းတလျောက် ကြားခဲ့ရ၊ ကြားနေရလို့
ကျွန်တှော့စိတ်ထဲ သာမန် ပြည်သူပြည်သား တစ်ယောက် အနေနဲ့ တွေးမိတာ ခံစားမိတာကို
ရေးပာတယ်။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိပာတယ်။ မြန်မာလူမျိုး တစ်ယောက်
အနေနဲ့ ကမဿဘာ့အလယ်မှာ ထည်ထည်ဝာဝာ နေချင်တယ်။ အဲဒီအတွက် အချင်းချင်း အကွဲအပြဲ
ဇာတ်လမ်းတွေကို ကြားရမှာထက် ဘယ်လောက် အယူအဆ တူတူ မတူတူ ကိုယ့် ပုဂဿဂလိက ဆနဿဒေတြ
ခံစားမှုတွေကို လျော့တန်တာလျော့ တိုးတန်တာတိုးပြီး လူအားလုံး
ညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံးကို အဖြေရှာကြမယ် ဆိုရင်ဖြင့်
သိပ်ကောင်းမှာပဲလို့ တွေးနေမိပာတယ်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
29 November 2009
ရွှေမြန်မာ, ရေမြှုပ်ဗုံး, Black Dream နှင့် White Dream
ညီ
ခုရေးနေတဲ့ ဆောင်းပါးလေးကို ဆက်ရေးစေချင်ပါတယ်။ အကျိုးများမယ့်
ဆောင်းပါးကောင်း တခု ဖြစ်ပါတယ်။ ဦးဇင်းတို့တွေအတွက် မအပ်စပ်ဖူးလို့
ထင်ရပေမယ့် ကိုယ့်တပည့်တွေနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက်တော့ အင်မတန်မှ
အရေးပါတဲ့ အကြောင်းအရာတခုပါ။ ဆရာအောင်သင်းကတော့ အသိမှာ ခံစားသိနဲ့ ကြံဆသိ
ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်လို့ ဆိုပါတယ်။ အဲဒီ နှစ်မျိုးထဲမှာ
ခံစားသိဆိုတာကို ကိုယ်တိုင် ကြုံဖူးမှ ရနိုင်ပါတယ်-တဲ့။
အဖြစ်အပျက်တိုင်းကို ကိုယ်တိုင် ကြုံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဦးဇင်းတို့အတွက် ပိုပြီး မဖြစ်နိုင်ပါဘူး။ ကြုံဖူးသူတွေ ရေးတဲ့ စာပေကို
ဖတ်ရမှသာလျင် ဦးဇင်းတို့အတွက် အလွန်ဆုံး ရနိုင်တာက ကြံဆသိပါ။ ဘာသိပဲ
ဖြစ်ဖြစ်ပေါ့လေ။ အနဲဆုံး ရွာကို ပြန်ပြီး ဆရာလုပ်မဲ့
ဦးဇင်းတို့အတွက်တော့ လိုအပ်ပါတယ်။ ဘုမသိ ဘမသိ ဆရာဖြစ်တာထက် စာရင်
နဲနဲပါးပါး သိပြီး ဆရာလုပ်တာက တဖက်လူအတွက် အကျိုများမလားလို့ပါ။
ဦးဇင်း ပြောချင်တာကတော့ ဆောင်းပါးရဲ့ ဦးတည်ချက်နဲ့ ဘာမှ မသက်ဆိုင်ပါ။
ရေမြှုပ်ဗုံးအကြောင်းနဲ့ ပတ်သက်ပြီးတော့ နဲနဲပြောချင်ပါတယ်။ ဦးဇင်းနဲ့
ဒကာဘလက်ခ် တယ်လီပသီများ ရှိနေရော့သလားမသိပါဘူးဗျာ။
ရေမြုပ်ဗုံးအကြောင်းရယ် ဟိုတခါ မေးထားတဲ့ မေးခွန်းအကြောင်းရယ်ကို
စာရေးမလို့ ပြင်ဆင်နေတာပါ။ ဆောင်းပါးမှာ ဘုန်းကြီးတွေအကြောင်း
မကောင်းသတင်းပါလို့ တုံ့ပြန်တယ်လို့တော့ မမှတ်ယူစေချင်ပါ။
ရေမြှုပ်ဗုံး အကြောင်း ပြောကြတာ အကြောင်းနှစ်ခု ရှိလိမ့်မယ်လို့
ထင်ပါတယ်။ ပထမ တခုက ဗမာတွေရဲ့ ဗီဇကြောင့်ပါ။ ဗမာ့ ဗီဇက ဘာလဲ ဆိုတော့
ကိုယ့်ကိုယ်ကို သိပ်ပြီး အထင်ကြီးကြပါတယ်။ မြှင့်လို့လဲ တွက်ကြပါတယ်။
ငယ်တုံးက သင်ရတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်ထဲမှာ ပါတဲ့ ဦးဗဂျမ်းရဲ့
ကာတွန်းတကွက်ကို မှတ်မိဦးမလားပဲ။ လူနှစ်ယောက် အချီအချ စကားပြောတဲ့
ပုံပါ။ တယောက်က “အဘရေ အနောက်နိုင်ငံမှာတော့ လေယာဉ်ပျံတွေ
ပေါ်နေပြီတဲ့”-လို့ ပြောတဲ့ အခါ ကျန်တယောက်က “သူတို့က အခုမှပါဗျာ၊
ကျုပ်တို့ ချာရာဏသီမှာလေ။ မယ်သီတာကို မင်းဒသ ခိုးတုံးကတည်းက
လေယဉ်သုံးနေပြီဗျ”-လို့ ပြောပုံကို ဆွဲထားတဲ့ ကာတွန်းလေးပါ။ အဓိပ္ပါယ်တူ
ကာတွန်း လေးကွက် ဆွဲထားပါတယ်။ ကျန်သုံးကွက်ကိုတော့ မမှတ်မိတော့ပါ။
အဲဒါ ကိုယ်တို့ လူမျိုးရဲ့ ဗီဇကို အတိအကျ ဖော်ပြတာပါပဲ။
အဆိုးဆုံးတခုကတော့ အရှုံးကို လက်မခံနိုင်ပါဘူး။ ကိုယ့်ညံ့ရင် ညံ့တယ်။
မှားရင် မှားတယ်လို့ ဘယ်တော့မှ မထင်ပါဘူး။ ကိုယ်အသုံးမကျတာကို ၀န်မခံပဲ
အခြေအနေတခုခု ဒါမှမဟုတ်ရင် တခြားလူ တယောက်ယောက်ကို
အပြစ်ပုံချချင်ကြတယ်လေ။ (အဲဒီအထဲမှာ ဦးဇင်းလဲ ထိပ်တန်းတနေရာမှာ ခုထက်ထိ
ပါနေဆဲပါ။)
နောက်အကြောင်းတခုက ဘာသာရေးသည် လူတွေတိုးတက်မှုရဲ့ အဟန့်အတားဖြစ်တယ်လို့
အထင်ရောက်သူတွေ ၀ါဒဖြန့်ကြတဲ့အခါ သုံးတဲ့ ပါးစပ်ပုံပြင် တပုဒ်လို့ပဲ
ယူဆပါတယ်။ အထူးသဖြင့်
တပ်မတော်နဲ့ ဘုန်းတော်ကြီးတွေကြားမှာ သွေးခွဲတဲ့ ဇာတ်လမ်းတပုဒ်ဆိုရင်လဲ
မှားမယ် မထင်ပါဘူး။
အင်္ဂလိပ်တွေ မန္တလေးနန်းတော်ကို သိမ်းတဲ့ အင်္ဂလိပ်တွေက သိမ်းမိတဲ့ ပစ္စည်းတွေ
မှတ်တမ်းမှတ်ရာတွေကို စာရင်းလုပ်ထားတာ ခုထက်ထိ ရှိတယ်လို့ ကြားဖူးပါတယ်။
ပစ္စည်းစာရင်းထဲမှာ ရေမြုပ်ဗုံးနဲ့ ပတ်သက်တဲ့ အရာဆိုလို့ တခုမှ
မပါပါဘူး-တဲ့။ မှတ်တမ်းမှတ်ရာလဲ မပါပါဘူး။ အစီရင်ခံစာထဲမှာ ပါတာတခုကတော့
မြန်မာတွေ အဖို့ တော်တော်ရှက်စရာကေင်းပါတယ်။
ငယ်တုံးက သင်ခဲ့ရတဲ့ သမိုင်းနဲ့တော့ ပြောင်းပြန်ပါ။ ဦးဇင်းတို့ ငယ်ငယ်က
“ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် သူ့ကျွန်မခံ စိတ် အမျိုးချစ်စိတ်
ထက်သန်စွာ ရရာလက်နက် စွဲကိုင်ကာ အပြင်းအထန် ခုခံတွန်းလှန်
တိုက်ခိုက်ပါသော်လည်း လက်နက်ချင်း မမျှသောကြောင့် အညံ့ခံခဲ့ကြလေသည်။”
လို့ သင်ခဲ့ရတာပါ။
သူတို့ ဖက်ကမှတ်ချက်ကတော့ “ဗမာတွေသည် အင်္ဂလိပ်တပ်ကို ခံချနိုင်တဲ့
လက်နက်တွေ အထိုက်အလျောက် ရှိပါလျက်နဲ့ အဘယ်အကြောင်းကြောင့်
မခုခံပါလိမ့်-ဆိုတာကို နားမလည်နိုင်ပါ။” တဲ့။
ထားပါတော့လေ။ လူပြော သိပ်များနေတဲ့ ရေမြှုပ်ဗုံးအကြောင်းကိုပဲ
ပြောကြရအောင်ပါ။ အဲဒါကို မပြောခင် အဲဒီခေတ်က ဘုရင်နဲ့ ဘုန်းတော်ကြီးများ
ဆက်ဆံရေးကို အရင်ပြောချင်ပါတယ်။ သက်ဦးဆံပိုင် ဘုရင်ဆိုတာ အာဏာ
အလွန်ပြင်းတာပါ။ သူတို့ သဘောနဲ့ မတိုက်ဆိုင်ရင် တခြားသူ မဆိုထားနဲ့
သူတို့ရဲ့ အစ်ကိုရင်း ညီရင်း အစ်မအရင်း အကုန်သတ်ပါတယ်။ သူတို့ကို
အသက်နဲ့ရင်းပြီး နန်းတင်ခဲ့တဲ့ သူကိုတောင် သတ်ဖို့ ၀န်မလေးကြပါဘူး။
တချို့ဆိုရင် အဖေကိုတောင် သတ်ကြပါတယ်။ ငယ်ဆရာတို့ ဘုန်းကြီးတို့ဆိုတာ
ညှာရကောင်းမှန်းတောင် သိမယ် မထင်ပါဘူး။
တကယ်တော့ အဲဒီခေတ်မှာ ဘုရင်ကို ဆန္ဒပြဖို့ နေနေသာသာ စကားတောင် ကျယ်ကျယ်
မပြောရဲပါဘူး။ ပါးစပ်ရဲလှပါတယ် ဆိုတဲ့ ဗန်းမော်ဆရာတော်သည်ပင်
မင်းမှုရေးရာနဲ့ ပတ်သက်လို့ တခွန်းတပါဒါမှ ၀င်မပြောခဲ့ပါ။ ယုတ်စွအဆုံး
ဘုရင်မပြောနဲ့ ဘုရင်ရဲ့ မိန်းမ(မိဖုရားကြီးမဟုတ်ပါ) ရှေ့မှာတောင်
ဘုန်းတော်ကြီးများ တင်ပလ္လင်ခွေ ထိုင်ခွင့်မရှိပါဘူး။ ဒါ တကယ့်
အမှန်တရားပါ။ သိမှီလိုက်တဲ့ လူကြီးသူမများကို မေးကြည့်နိုင်ပါတယ်။
ခိုင်လုံတဲ့ မှတ်တမ်းတခု သိချင်ရင် ဒွါရဂိုဏ်းကို တည်ထောင်တဲ့
အုတ်ဖိုဆရာတော်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်နိုင်ပါတယ်။ သီပေါဘုရင် နန်းကျ၊
ကုလားပြည် ရောက်၊ ဟိုမှာ နတ်ရွာစံတယ်ပဲ ဆိုပါတော့။ နောက်တော့
သူ့မိဖုရားတွေ မြန်မာပြည်ကို အပြီး ပြန်လာတယ်။
အဲဒီအချိန်မှာ အုတ်ဖိုလ် ဆရာတော်ကို မိဖုရားတပါးကပင့်လို့ သူတို့အိမ်ကို
ကြွခဲ့တယ်။ တခြားဆရာတော်တွေလဲ ပါပါတယ်။ အိမ်ရောက်တော့ တခြားဆရာတော်တွေက
ပုဆစ်တုပ်ပြီး ထိုင်ပါတယ်။ အုတ်ဖိုဆရာတော် တပါးတည်းပဲ သူတို့ ရှေ့မှာ
တင်ပလ္လင်ခွေပြီး ထိုင်မိတယ်။ အဲဒီအခါမှာ လူတွေဆိုရင် ခုချက်ချင်း
မိုးကြိုးပဲ ပစ်တော့မလား။ မြေပဲ မြိုတော့မလားတောင် ထင်ကြပါတယ်။
ရဟန်းလောကမှာလဲ အံသြဘနန်းဖြစ်ခဲ့ပါတယ်။ ဒီဘုန်းကြီးတော့ တနည်းနည်းနဲ့
မကြာခင်မှာ ခေါင်းနဲ့ ကိုယ် အိုးစားကွဲတော့မယ်လို့ ယုံသူတွေ အတော်ကို
များခဲ့ပါသတဲ့။ သူတို့ခေတ်ကုန်ရုံတွင်မကပါဘူး။ မြောင်းထဲ ရောက်လုလု
အချိန်ပါ။ ဘာပါဝါ ဘာအာဏာမှ မရှိတော့ပါဘူး။ သူတို့မွေးတဲ့ သားသမီးကိုတောင်
သူတို့ ထိမ်းသိမ်း စောင့်ရှောက်ခွင့် မရှိတော့တဲ့ အချိန်ပါ။ သူတို့
အာဏာရှိစဉ်မှာ ဆိုရင် စဉ်းစားကြည့်နိုင်ပါတယ်။
နောက်တခုကတော့ ဒေါက်တာတိုးလှရေးတဲ့ ကုန်းဘောင်ရွှေပြည်ဆိုတဲ့ စာအုပ်မှာလဲ
မင်းတုံးမင်းကြီးတို့ လက်နက်အင်အားအကြောင်း နဲနဲ ပါပါတယ်။ သူကလည်း
ရေမြုပ်ဗုံးကိစ္စဟာ မဖြစ်နိုင်ဘူးလို့ပဲ ယုံကြည်ပါတယ်။
မင်းတုံးမင်းကြီးရဲ့ လက်နက်စက်ရုံက ထန်းလုံးပစ် အမြောက်ကြီးတွေ တလကို
အတော်များများ ထုတ်နေတယ် ဆိုပါတယ်။ တလကို အလက် ၂၀ လား ဘယ်လောက်လဲတော့
မသိဘူး။
တခုပဲ စဉ်းစားဖို့ ရှိပါတယ်။ အင်္ဂလိပ်နဲ့ တိုက်ရင် နိုင်နိုင်တဲ့
ရေမြုပ်ဗုံးကိုတော့ ဘုန်းကြီးတွေဆန္ဒပြလို့ ငါးတွေအပေါ် သနားဂရုဏာ
ကြီးမားစွာနဲ့ သာသာနာပြု မင်းတြားကြီး ပီပီ မထုတ်ခဲ့ဖူး။ တခါပစ်ရင် လူ
၂၀ လောက်သုံးပြီး ပစ်မှ ကိုက် ၁၁၀-လောက် အမြောက်ဆံရောက်တဲ့
အမြှောက်ကျပြန်တော့ နင်းကန်ထုတ်တယ် ဆိုတာ တော်တော်ကို ယုတ္တိမရှိတာပါ။
မင်းတုန်းမင်းကြီးကို မင်းကောင်းတပါးအဖြစ်ပဲ ဦးဇင်းတို့ မြင်ပါတယ်။
ဦးဇင်းတို့တွင်လားဆိုတော့ မဟုတ်ပါ။ ခရစ်ယာန်ဘုန်းတော်ကြီးများလဲ ထို့အတူ
မြင်ပါတယ်။ ဘာကြောင့်ပါလဲ။သူတို့ကို မင်းကြီးက အများကြီး
အကူအညီပေးဖူးပါတယ်။ သာသနာပြုခွင့်တွေ ပေးတယ်။ အလှူငွေတွေ ထောက်ပံ့တယ်။
ခရစ်ယန် ဘုန်းတော်ကြီးများက မင်းကြီးသည် ခရစ်ယာန်သာသနာ စည်ကားအောင်
ထောက်ပံ့နေတယ်လို့ ထင်ရလောက်အောင်ကို ထောက်ပံ့ခဲ့တာပါ။ သူ့သားတွေကို
ခရစ်ယာန်ဘုန်းတော်ကြီးဆီမှာ အပ်ပြီး ပညာသင်စေပါတယ်။ ဘုရင့်မျက်နှာနဲ့
သူတို့လဲ သာသနာပြုတဲ့ နေရာမှာ အတော်ခရီးရောက်ခဲ့ပါတယ်။ ဒါတွေကို မင်းကြီး
သိခဲ့ပါတယ်။
နောက် စူရတီ စွန္နာဝိုရာဂျွမ္မာ ဆိုတဲ့ မွတ်စလင်ကုလားတယောက်ကိုလဲ အတော်
ဦးစားပေးပါတယ်။ [နန်းတွင်းဗလီကိုတောင် စူရတီ စွန္နာဝိုရာဂျွမ္မာပဲ
ဆောက်တယ် ထင်ပါတယ်။ မသေချာပါ။] သေချာတာကတော့ ဈေးချို မြောက်ဖက်က ဗလီကို
စူရတီ စွန္နာဝိုရာဂျွမ္မာ ဆောက်ပါတယ်။
ဒါဖြင့်ရင် ပဉ္စမသံင်္ဂါယနာတင် သာသနာပြု ထိပ်ခေါင်တင် မင်းတြားကြီးသည်
အဘယ့်ကြောင့် မိမိ၏ ဘာသာကို ဖျက်ဆီးမည့် မိစ္ဆာဒိဋ္ဌကို အားပေးရပါသလဲ။
အကြောင်းရင်းကတော့ သူတို့အဆက်အသွယ်နဲ့ ဥရောပဖက်က သေနတ်တွေကို
ဝယ်ချင်လို့ပါ။
ဗထက်ချိုက် တစ်တောင့်ထိုး ရိုင်ဖယ်သေနတ် အနည်းငယ်အတွက် သာသနာ့အကြီးဆုံး
အန္တရာယ်တခုကို လက်ယပ်ခေါ်ခဲ့တာပါ။ ဒီအတွက် မင်းတုံးမင်းကြီးမှာ အပြစ်မရှိ။
မင်းတုန်းမင်းကြီး၏ အမှားမဟုတ်။ နိုင်ငံရေး စစ်ရေးအရ ဒီလိုပဲ
လုပ်ရမှာပါ။ ဘုရင်အလုပ်ကို ဘုရင်လုပ်တာပဲ ဖြစ်ပါတယ်။ မင်းတုန်းမင်းရဲ့
သဘော သဘာဝကို သိအောင် ရေးပြနေခြင်းသာ ဖြစ်ပါတယ်။ အကယ်ရွေ့သာ
ရေမြုပ်ဗုံးကိစ္စ ဟုတ်ရိုး မှန်ခဲ့ရင် မင်းတုံးမင်းသည် ခရစ်ယန်
ဖားသားကိုလဲ အလေးထားမှာ မဟုတ်သလို စူရတီကုလားကိုလဲ ဖားမှာ မဟုတ်ပါဘူး။
ဘုန်းကြီးများ ဆန္ဒပြတယ်ပဲ ထားအုံး။ မှန်ပါ့ ဘုရား၊ တင်ပါ့ ဘုရား-ဆိုပြီး
ဆက်လုပ်ရင် ဘယ် ဘုန်းကြီးက ဘာသိမှာ တဲ့လဲ။ ဒီပုံစံ ဒီအချိုး ချိုးပြီး
ဆုံးဖြတ်ချခဲ့တဲ့ ထုံးတွေလဲ ရှိပါတယ်။ ဒါကိုပဲ သူတို့က ရာဇပရိယာယ်လို့
သုံးနေကြတာပါ။ မင်းတုံးမင်း လက်ထက်မှာ ဆရာတော်များ သပိတ်မှောက်တယ်ဆိုတာ
သာသနာဝင် မှတ်တမ်းမှာလဲ မပါပါဘူး။ ခိုင်လုံတဲ့ ရာဇ၀င်မှတ်တမ်းမှာလဲ
မဖတ်ဖူးပါ။ ဦးဇင်း စာဖတ်အားနည်းလို့ မဖတ်မိရင်တော့လဲ မသိဖူးပေါ့လေ။
ညီဝင်းစိန်တို့ ကတဲ့ ပါတော်မူခန်း ပြဇာတ်မှာတော့ ကနောင်မင်းသားကြီး
ငိုချင်းချတာ ပါမလားတော့ မပြောတတ်ဖူး။
တက္ကသိုလ် စိန်တင်ကလဲ ရေမြှုပ်ဗုံး ကိစ္စ မင်းတုံးမင်းကြီး တားလို့
ကနောင်မင်းသားကြီးနဲ့ ယောမင်းကြီး ခေါင်းချင်းဆိုင်ပြီး ခါးပုံစနဲ့
မျက်ရည်သုတ်ပြီး ငိုကြောင်း ရေးတာတော့ ဖတ်ဖူးပါတယ်။ သူရေးသလို
အိမ်ရှေ့မင်းသားနဲ့ အမတ်မင်းတို့ ယောက်ျားရင့်မာကြီးတွေ ခါးပုံစလေးတွေနဲ့
မျက်ရည်သုတ်သုတ်ပြီး ငိုနေတဲ့ ပုံစံကို မှန်းကြည့် စမ်းပါဗျာ။ သူတို့ကို
အသက်နဲ့စက်ပြီး လေးစား ကြည်ညိုနေတဲ့ သူတွေရဲ့ ရှေ့မှာ ကြီးကောင့်
ကြီးမားနဲ့ ငို၏ မငို၏ ဆိုတာကိုပါ။
လက်နက်တခုကို စမ်းတယ်ဆိုတာ အောင်မြင်ပြီးသား အရာတခုကို သေချာ သွားအောင်
အတည်ပြုချက် ရယူတဲ့ သဘော ဖြစ်ပါတယ်။ ကြောင်ပေါက်စ တစ်ကောင်ကို အထီးလား
အမလား သိချင်လို့ အမြီးလှန်ပြီး ကြည့်သလောက် လွယ်မယ် မဟုတ်ပါဘူး။
ခေတ်ပညာတတ်လဲဖြစ် ဒီအပိုင်းမှာ နီးစပ်မှုလဲ ရှိတဲ့ မောင်ရင်တို့
ပိုသိပါတယ်။ အမေရိကန်သည်ပင်လျင် အနုမြူဗုံးကို စမ်းခဲ့စဉ်က သုံးလုံး
လုပ်ပြီး တလုံးကို စမ်းခြင်းဖြစ်ပါတယ်။ ကျန်တဲ့ နှစ်လုံးကို ဂျပန်မှာ
ချပါတယ်။ ချအပြီးမှာ ရုပ်တည်ကြီးနဲ့ ဖိန့်ပါတယ်။ ကံကောင်းလို့ ဂျပန်က
ယုံသွားတာပါ။ (အမှန်က သူတို့ ရှိတဲ့ ဗုံးက ဒါအကုန်ပဲ။ ထပ်ချဖို့
လက်ကျန်မရှိတော့ပါဘူး။ ဂျပန်ကသာ ဆက်တင်းခံရင် သူတို့လဲ တကယ့်ကို
ဒုက္ခရောက်မဲ့ အပေါက်ပါ။)
မင်းတုန်းမင်းကြီးက “ညီတော်ရေ မင်းရေမြှုပ်ဗုံးကြောင့် ငါးတွေ လိပ်တွေ
သေလိမ့်မယ်။ ရပ်လိုက်တော့နော်။ ” လို့ ပြောချိန်မှာ ကနောင်ကလဲ “ဟုတ်ကဲ့
ခင်ည။” ဆိုပြီး ဖုတ်ဖက် ခါထ၊ ခါးတောင်းကြိုက်ဖြုတ်လိုက်ရုံနဲ
ပြီးမှာမှ မဟုတ်တာ။ ၀ါးဆစ်ဗူးထဲ ထုံးထည့်ပြီး စမ်းတာဆိုရင်တော့
တမျိုးပေါ့လေ။
ကနောင်မင်းသားကြီးတို့ အုပ်စုကို အထင်သေးလွန်းလို့ ဒီစကားပြောတာ
မဟုတ်ပါဘူး။ သူတို့ခေတ်က ဒီပညာရပ်ကို တကယ် တတ်ခဲ့ရိုးမှန်ရင် ဒီကနေ့ခေတ်
သက်ဆိုင်ရာ နယ်ပယ်တွေမှာ ကျေးဇူးပြုနေမှာ ဖြစ်ပါတယ်။ ဥပမာ ယောမင်းကြီးရဲ့
မြန်မာအက္ခရာဖြင့် ကြေးနန်းရိုက်နည်းဆိုပါတော့။ ဒီကနေ့ Unicode Font
-လုပ်တဲ့အခါမှာ ကျေးဇူးပြုလာပါတယ်။
ကနောင်မင်းသားကြီးတို့ ရေမြှူပ်ဗုံး လုပ်နိုင်ခဲ့ပါတယ် ဆိုရင် သူတို့ရဲ့
နည်းပညာက ဒီကနေ့ တပ်မတော် လက်နက်ထုတ်လုပ်ရေးမှာ တဖက်တလမ်းက
ကျေးဇူးပြုနေမှာ ဖြစ်ပါတယ်။ အဲဒါတော့ ခုထက်ထိ မကြားမိသေးပါ။
ဦးဇင်းတို့နဲ့ မသက်ဆိုင်တာ မို့ မသိတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
တကယ်တော့ လောကီနယ်မှာ လူဆိုတာ ပတ်ဝန်းကျင်ထက် သာလွန်းရင် ခေါင်းတလုံးစာပဲ
သာနိုင်ပါတယ်။ ဒါထက်ပိုပြီးသာလို့ မရပါဘူး။ ပြင်သစ်ကို သွားပြီး
ဖန်ချက်အတတ် သင်ခဲ့တဲ့သူက ရေမြှုပ်ဗုံးလုပ်တတ်စရာ အကြောင်းမမြင်ပါ။
ကိုရွှေ ဖရန်စစ်(France) တို့ကလည်း သူတို့တောင် မရသေးလို့
အရှုးအမူးလိုချင်နေတဲ့ နည်းပညာတခုကို မြန်မာများကို သဒ္ဓါတရား
ထက်သန်စွာနှင့် သင်ပေးလိမ့်မယ် လို့တော့ မထင်မိပါ။
စာလဲ ရှည်သွားပြီ။ အားလုံး ကြားဖူးတဲ့ လေမျိုး ၈၀-ဇာတ်လမ်းနဲ့ပဲ
နိဂုံးချုပ်ချင်ပါတယ်။ တခါက ဗမာတယောက် ယိုးဒယားလေဆိပ်မှာ စစ်ဆေးတဲ့အခါ
လျက်ဆားတပုလင်း တွေ့လို့ Custom အရာရှိကခေါ်မေးပါ သတဲ့။
လျက်ဆားပုလင်းပေါ်မှာပါတဲ့ စာကို ဘာသာ ပြန်ခိုင်းတဲ့အခါ ကိုရွှေမြန်မာက 80
Types of Wind. လို့ တိုက်ရိုက် ဘာသာပြန်တယ် ဆိုပဲ။ လေမျိုး ၈၀-က ဘာတွေလဲ
မေးတော့ ကိုရွှေမြန်မာက မဖြေနိုင်ဘူး-တဲ့။ အဲဒီတော့ ယိုးဒယား Custom
အရာရှိက “ လေမျိုး ၈၀ ရှိတယ်ပဲ ထားပါဗျာ။ ခင်ဗျားတို့ ဗမာ
ဘယ်လောက်စွမ်းတယ် ပြောပြော။ အဲဒီ လေမျိုး ၈၀ကို အမှုန့်လုပ်တဲ့ အထိတော့
စွမ်းနိုင်မယ် မထင်ပါဘူး” လို့ မှတ်ချက်ပေးလိုက် ပါသတဲ့။
ဒကာ ဘလက်ရေ ကျုပ်တို့ ရေမြုပ်ဗုံးကလဲ 80 Types of Wind- ပဲလား
မသိပါဘူးဗျာ။ ကျွမ်းကျင်သူတွေ ကြားရင်တော့ ဘယ်လိုများ မှတ်ချက် ပေးဦးမယ်
မသိ။ ကြားတော့လည်း ကြားချင်စမ်းပါဘိ။
Sunday, March 21, 2010
In pictures: Burma's tunnel network
In pictures: Burma's tunnel network
In pictures: Burma's tunnel network
Subscribe to:
Posts (Atom)