Saturday, March 13, 2010


ချစ်သူ.....,

မင်းနဲ့ ငါဟာ ဟောဒီလောကကြီးထဲက....,
အနီးဆုံး လူသားနှစ်ယောက်ပေါ့..,
ဘာတွေခြားခြား၊ဘယ်လောက်ဝေးဝေး....,
ချစ်ခြင်းရဲ့  ရင်ခုန်သံကို ငါတို့ ကြားနိုင်တယ်..။

ချစ်သူ......,

မင်းနဲ့ ငါဟာ ဟောဒီလောကကြီးထဲက...,
အနီးဆုံး လူသားနှစ်ယောက်ပေါ့...,
မင်းရဲ့ ပျော်ရွှင်ခြင်းတွေမှာ ငါ့ရယ်သံတွေရှိသလို...,
မင်းရဲ့  နာကျင်မှာတွေမှာ ငါ့မျက်ရည်တွေရှိတယ်..။

ချစ်သူ......,

မင်းနဲ့ ငါဟာ ဟောဒီလောကကြီးထဲက.....,
အနီးဆုံး လူသားနှစ်ယောက်ပေါ့....,
ငါ့အိမ်မက်တွေ မင်းချယ်လှယ်နိုင်သလို...,
မင်းမနက်ဖြန်တွေ ငါပိုင်တယ်.....။

'' ချစ်သူ.....ငါ၇ဲ့  နှလုံးသားဟာ မင်းရင်ဘက်ရဲ့  ဘယ်ဘက်အခြမ်းမှာရှိတယ်''

No comments:

Post a Comment