Saturday, March 20, 2010
၁၃၈ ဂရမ်လေးတဲ့ ဧရာမကြက်ဥကြီး
နယူးယောက်ပြည်နယ် ဟွန်နီအွိုင်းဖေါလ်က ခရစ်ရှောင်ရာမန်း ဆိုသူရဲ့ လယ်တောကြက်ခြံမ ကြက်မတစ်ကောင်ရဲ့ ဥဟာ ရှားမှရှား ဆိုသလို ကြီးမားနေတာ တွေ့ခဲ့ရတယ်။ သာမန်ကြက်ဥတစ်လုံးဟာ ၃၅ ဂရမ် ကနေ ၇၇ ဂရမ် အထိ အလေးချိန် ရှိပါတယ်။ ဒါပေမဲ့ အခု ကြက်ဥက ၁၃၈ ဂရမ် အလေးချိန်ရှိတယ်။ ဒါပေမဲ့ ကြက်ဥဥပေးတဲ့ ကြက်မ ခမြာ သက်စိုးမရှည်ရှာခဲ့ဘူး၊ ၁၃၈ ဂရမ် ကြက်ဥကြီး ဥပြီးတဲ့ နောက် နာရီပိုင်းလောက်မှာ သေသွားတယ်။ ကြက်ဥကို Little Roberta လို့ ကင်ပွန်းတပ်ထားပါတယ်။ (News Watch Weekly)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment