Showing posts with label change boy to girl. Show all posts
Showing posts with label change boy to girl. Show all posts

Saturday, March 13, 2010

copy from http://icenantaw.ning.com/





Josie Romero ဟာ အပန်းရောင်ကို နှစ်သက်ပြီး ကျစ်ဆံမီးကျစ်ကာ လက်သဲနီဆိုးထားပါတယ်။ မွေးကတည်းက ဒါမျိုးတော့မဟုတ် ပါဘူး အသက်ရှစ်နှစ်အရွယ်ရောက်မှ မိန်းခလေးဖြစ်သွားခဲ့တာ။ မွေးစကတော့ ယောက်ျားလေး တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူမရဲ့နာမည်ဟာ ဂျိုးဇက် ဖြစ်ပါတယ်။ သူအသက်လေးနှစ်အရွယ်ကတည်းက လိင်အင်္ဂါ ကမှားနေတယ် သူဟာ မိန်းခလေးတစ်ယောက်လို့ သူမိဘတွေကိုပြောပါတယ်။ အသက်ငါးနှစ်အရွယ်ကို
ရောက်လာချိန်မှာတော့ ဆံပင်ညှပ်ဖို့ကိုလည်း ငြင်းဆန်လာပြီး အဝတ်အစာတွေဆိုရင်လည်း အပန်းရောင်ရှိတဲ့ အဝတ်အစားတွေကို
ဘဲ ဝတ်ပါတော့တယ်။ အသက်ခြောက်နှစ်အရွယ်မှာတော့ ဂျိုးဇက်ဟာ လိင်အင်္ဂါပြောင်းလဲမှု့စတင်ခဲ့ပါ။ အသက် ၄၂ ရှိပြီဖြစ်တဲ့ သူ့အမေ Venessia က "ဂျိုးဇက်ထံမှာ အရုပ်ခလေးတစ်ရုပ်ရှိပါတယ်။ အဲ့ဒီအရုပ်က ယောက်ျားလေးပုံအရုပ်လေးဖြစ်ပါတယ်။




ယောက်ျားဘဝတုန်းက အကိုနဲ့ မွေးစားညီမ

ဂျိုးဇက်ဟာထို ယောက်ျားလေးအရုပ်ကို မိန်းခလေးပုံစံမျိုးဖြစ်အောင်း အမြဲတမ်းပြုလုပ်ပါတယ်။ သူစကားပြောတတ်တဲ့အချိန် ကနေစပြီးတော့ သူဟာမိန်းခလေးတစ်ယောက်ဖြစ်ကြောင်းကို တဖွဖွ ပြောတော့တာဘဲ။ ကျွန်မတို့ကတော့ မင်းဟာ မိန်းခလေးမဟုတ်ဘူး ယောက်ျားလေးဘဲဖြစ်တယ်လို့ အမြဲပြန်ပြောခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်မှာ တော့ သူဟာ ကျွန်မဟာယောက်ျားလေးမဟုတ်ဘူး တကယ့်ကို မိန်းခလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ဇွတ်ကိုပြောလာပါတော့တယ်။ သူ့ကို စပြီး အပြင်မှာ လွတ်ကစားခိုင်းတော့ သူ့ကို ယောက်ျားလေးလို့ ပြောတဲ့သူမှန်သမျှကိုလည်း မဟုတ်ဘူး ကျွန်မက မိန်းခလေးဆိုပြီး ပြောသမျှကို တုန့်ပြန်ခဲ့တယ်။




စပြီးခြောက်လာပြီ ဟဲဟဲ

ဆက်လက်ပြီး Venessia က ဂျိုစီ (ဂျိုးဇက်မှဂျိုစီ) အသက် လေးနှစ်ရောက်တဲ့ အချိန်မှာ ကျွန်မတို့ အသက်နှစ်နှစ်အရွယ် တရုတ်မလေးယောက်ကို မွေးစားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ဟာ ဂျပန် နိုင်ငံမှာဖြစ်ပါတယ်။ ပထမတော့ ကျွန်မတို့ က ဂျိုစီက သူညီမအသစ်ကို မနာလိုမှစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ဂျိုစီဟာ သူညီမလေး အသစ်တစ်ယောက်ရတာ အလွန်ပျော်ရွင်ခဲ့တယ်။ သူတို့ဟာ အတူတူ ပျော်ရွင်စွာကစားကြသလို အထူးသဖြင့် မိန်းခလေးပုံ အရုပ်များနှင့်ပိုပြီး ကစားတာတွေ့ရပါတယ်။ ပထမတော့ကျွန်မတို့မသိကြသေးဘူး နောက်ပိုင်းမှာတော့ ကျမသိခဲ့တာ ကျွန်မတိုမှာ အခြောက်လေးတစ်ယောက်ရှိနေခဲ့တာဘဲဖြစ်ပါတယ်။ သူ့ကိုကြည့်ရတာ ယောက်ျားနဲ့လဲတူတယ် မိန်းခလေးနဲ့လည်းတူနေတယ် အဲ့ဒီအချိန်က ဂျိုစီ ၅ နှစ်အရွယ်ပေါ့။ နောက်တော့ခလေးအထူးကုနဲ့ ပြကြည့်တယ် နောက်ဆုံးတော့ သူက ကျွန်မကို transgender ဆိုတဲ့စကားလုံးကိုရှာကြည့်လို့ပြောလိုက်တယ်။ ကျွန်မ ဆေးပညာနဲ့ ပါတ်သက်တဲ့ ဆိုဒ် တစ်ခုကို ရှာကြည့်တယ် မတွေ့ဘူး နောက်တော့ Transgender Youth Family Allies ဆိုတဲ့ ဆိုဒ်တစ်ခုကို သွားတွေ့တယ် အဲ့ဒီမှာ ခလေးတစ်ရာလောက်က ဂျီုစီလို ဖြစ်တာမျိုးကို သွားတွေ့ခဲ့တယ်။ ဒါနဲ့ဘဲ ကျွန်မ မိန်းခလေးအဝတ်အစားတချို့ ဝယ်ပြီး သူအဝတ်ဘီရိုထဲကို နှစ်ခြမ်းခွဲပြီး ထဲ့ပေးလိုက်တယ် တခြမ်းကတော့ ယောက်ကျားလေးအဝတ်အစားတွေပေါ့။ မနက်ကတော့ သူမကိုရွေးပြီးဝတ်ခိုင်းတော့ မိန်းခလေးအဝတ်တွေကိုဘဲ ယူဝတ်တော့တယ်။ အထူးကုဆရာဝန်ကတော့ သူဟာ လိင်ပြောင်းသွားပြီ လို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဂျိုစီကို ကျွန်မတို့မိန်းခလေးအဖြစ် စပြီးလက်ခံလိုက်ရတယ်။ ကျွန်မယောက်ျားကတော့ သားတစ်ယောက် ဆုံးရှုံးသွားတဲ့ ခံစားမှု့မျိုးခံစားခဲ့ရတယ်။ ခင်ပွန်သယ်ဖြစ်သူက ပထမတော့လုံးဝလက်မခံနိုင်ဘူး ကျွန်တော်သားတစ်ယောက်ဆုံးရှုံးလိုက်ရလို့ အရမ်းဝမ်းနည်းခဲ့တယ်လို့ပြောခဲ့ပါတယ်။ ဂျိုးစီ ဟာ အသက် ၁၂ နှစ်အရွယ်ရောက်လာရင် အမျိုးသမီးဟော်မုန်းများထွက်လာမှာဖြစ်တဲ့အတွက် လုံးလုံး မိန်းမတစ်ယောက်အဖြစ်သို့ ရောက်သွားဖို့ အတွက် ခွဲစိတ်ကုသရအုံးမှာဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ကုသရမယ်ဆိုတာကိုလဲ ဂျိုးစီတစ်ယောက် နားလည်ပြီးသားဖြစ်ပါတယ်။ သူမရဲ့ကိစ္စနဲ့ပါတ်သက်ပြီး Boston ခလေးဆေးရုံက ဆရာဝန် Norman Spack လက်ထဲ လွဲအပ်ထားပြီးဖြစ်ပါတယ်။




ညီမနှစ်ယောက်ဖြစ်သွားပြီ

ဂျိုးစီးကတော့ ကျွန်မမိန်းခလေး တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးသိသွားတဲ့ အတွက်အရမ်းပျော်ပါတယ်လို့ ပြောပါတယ်။ အခုဆိုရင် ဂျိုစီဟာ မီးဖို့ဂျောင်မှာ မုန့်ဖုတ်ခြင်း ဟင်းချက်ခြင်း အလုပ်များကို စတင်လုပ်နေပြီဖြစ်သလို ဆံပင်အရှည်ထားက နားကပ်လည်းပန်နေပြီဖြစ်ပါတယ်။ အခုဆိုရင်ဖြင့် သူတို့မိသားစုလေးဟာ Arizona ပြည်နယ်ကိုသွားပြီး တရားဝင် ဂျိုစီဟာ မိန်းခလေးတစ်ယောက်ဖြစ်ကြောင်းကို လက်ခံဖို့ သွားရအုံးမှာဖြစ်ပါတယ်။ သူရဲ့ ပက်စ်ပိုစ့် မွေးစာရင်း လူမှု့ရေးနှင့်ဆိုင်တဲ့ နာမ်ပါတ် တွေကိုပြောင်းရတော့မှာပါတယ်။ ၈နှစ်သမီး အရွယ်မိန်းခလေးဟာ လိင်င်္ဂါပြောင်းတာကို စောင့်ကြည့်ဖို့ကတော့ အောက်တိုဘာ ၁၉ရက် တနင်္လာနေ့ မွန်းလွဲ ၉ နာရီအချိန်မှာ Channel 4 မှာ ပြသမည်ဖြစ်ပါတယ်။